ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ်ရွာမှာ ရှန်မွာန်ထန်းနာ ( Siangmuanthanga ) အသက် ၃၀ နှစ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ဒေသခံ ထံကနေဆပ်ပြာဗူးနှစ်ဗူးဖြင့်ထုပ်ပိုးထားတဲ့ဘိန်းဖြူ ၂၂ ဒသမ ၁၀၀ ဂရမ်ကိုဖမ်းဆီးခဲ့တယ်လို့သိ ရပါတယ်။ဒါ့အပြင် ဒီကနေ့ မေလ ၁၉ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်၊ ကျန်ဖိုင်မြို့ ၊ နယူးကျန်ဖိုင်ရပ်ကွက်မှာ လုံလေဒေသခံ ဖြစ်တဲ့ ဧမာနွေလ လာလ်ရမ်ဒိဒ့်အာ ( Emanuel Lalramdika) အသက် ၂၄ နှစ်ထံကနေ ဘိန်းဖြူ ၁၂၆ ဒသမ ၈၀၀ ဂရမ်ကိုထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါ တယ်။



