ယခုအချိန်တွင် မိုးဦးကျကာလသို့ ရောက်လာချိန်ဖြစ်သလို ထီးအသစ်ဈေးနှုန်းများလည်း မြင့်တက်နေ ခြင်း ကြောင့် ပျက်စီးနေသည့် ထီးအဟောင်းများကိုသာ ပြန်လည်ပြင်ဆင်၍ အသုံးပြုကြသူမှာ ပိုမိုများပြားလာခဲ့ ကြောင်း ထီးပြင်သူများထံမှ သိရသည်။လက်ရှိတွင် ထီးအသစ်တစ်လက်၏ စျေးမှာ အမှတ်တံဆိပ်ပေါ်မူတည်၍ ထီးအတိုတစ်ချောင်းလျှင် ကျပ် ၁၃,၀၀၀ ဝန်းကျင်မှ ကျပ် ၃၈,၀၀၀ ဝန်းကျင်အထိလည်းကောင်း၊ ထီးအရှည်စျေးနှုန်းမှာ ကျပ် ၁၃,၀၀၀ ဝန်းကျင်မှ ကျပ် ၈၀,၀၀၀ ဝန်းကျင်အထိလည်းကောင်း စသည်ဖြင်ရှိနေခြင်းကြောင့် ထီးအသစ်ဝယ်ယူအသုံးပြုခြင်းများ လျော့ နည်းလာကာ ယခင်နှစ်များက အသုံးပြုခဲ့သော ထီးအဟောင်းများကိုသာ ပြန်လည်ပြုပြင်၍ သုံးစွဲလာကြ ခြင်း လည်းဖြစ်သည်။ယခုလို ထီးအဟောင်းများကို ပြုပြင်သုံးစွဲသူများလာခဲ့သောကြောင့် ဆင်ခြေဖုံးရပ်ကွက်များတွင် ထီးပြင် သူများ အလုပ်ဖြစ်လာခဲ့ပြီး ထီးတစ်လက်ကို ပြုပြင်ရသည့် အစိတ်အပိုင်းအခြေအနေပေါ်မူတည်၍ အနိမ့်ဆုံး ၁,၀၀၀ ကျပ် ဝန်းကျင်မှ ၄,၅၀၀ ကျပ်ဝန်းကျင်ကြား စျေးအသီးသီးရှိနေကြောင်းလည်း သိရသည်။



