၂၀၂၆ အာရှဖူဆယ်ခြေစစ်ပွဲနှင့် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲတို့၌ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၎င်းတို့၏ ပထမဆုံးလေ့ကျင့်မှုအစီအစဥ်အဖြစ် ယနေ့ မေ ၁၉ ရက်နံနက် ၈ နာရီက MFF Futsal Stadium ၌ပြုလုပ်ခဲ့ကြကြောင်း သိရသည်။မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယခုနှစ် စက်တင်ဘာလတွင် ၂၀၂၆ အာရှဖူဆယ်ခြေစစ်ပွဲနှင့် ဒီဇင်ဘာလတွင် ဆီးဂိမ်းပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။



