back

လေးလခွဲကာလအတွင်း ၉၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်၌ဖမ်းဆီးရမိထား

May 19 • 2:49 PM

breaking-news

မြန်မာ

ရန်ကုန်

cover

လေးလခွဲကာလအတွင်း ၉၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်၌ဖမ်းဆီးရမိထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလလယ်အထိ လေးလခွဲဝန်းကျင် ကာလ အတွင်းတွင် ကျပ် ၉၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြေ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလလယ်အထိ လေးလခွဲဝန်းကျင် ကာလ အတွင်းတွင် ကျပ် ၉၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း အချက်အလက်များအရ သိရသည်။အဆိုပါ မူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ်(မြောက် ပိုင်း)၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ ဒေါပုံ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာဒုံမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့များ တွင် ဖြစ်ကြပြီး ကျပ် ၉၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။ ထိုအမှုများတွင် ကျူးလွန်ခဲ့သူများကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူးထားကြောင်းလည်း သိရသည်။ ယခုရက်ပိုင်းအတွင်းတွင်လည်း ရန်ကုန်တွင် မူးယစ်ဆေးဝါး ဖြုန့်ဖြူရောင်းချသူများကို ခပ်စိတ်စိတ် ဖမ်းဆီးရရှိမှုမှာ ယခင်ကထက် များလာကြောင်း ဆက်လက်သိရသည်။



news-view-count-icon

10