back

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်

May 19 • 12:22 PM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံမှာ သီတင်းပတ်ကုန်ပိုင်းက ရှစ်ကြိမ်တိုင်ပေါက်ကွဲခဲ့တဲ့ လီဝိုတီဘီ လာကီ-လာကီ မီးတောင်နဲ့ပတ်သက်တဲ့ သတိပေးချက်အဆင့်ကို အမြင့်ဆုံး တိုးမြှင့်လိုက်...

အင်ဒိုနီးရှားနိုင်ငံမှာ သီတင်းပတ်ကုန်ပိုင်းက ရှစ်ကြိမ်တိုင်ပေါက်ကွဲခဲ့တဲ့ လီဝိုတီဘီ လာကီ-လာကီ မီးတောင်နဲ့ပတ်သက်တဲ့ သတိပေးချက်အဆင့်ကို အမြင့်ဆုံး တိုးမြှင့်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအရှေ့ပိုင်း ဖလောရက်စ်ကျွန်းမှာတည်ရှိတဲ့ အဲဒီမီးတောင်ဟာ တနင်္ဂနွေနေ့ကလည်း အမြင့် ၃ မီတာကနေ ၅ ဒဿမ ၅ ကီလိုမီတာအမြင့်ထိ မီးတောင်ပြာတွေ မှုတ်ထုတ်ခဲ့ပါတယ်။ ငလျင်ဌာနရဲ့ လေ့လာအကဲဖြတ်ချက်တွေအရ မီးတောင်ရဲ့လှုပ်ရှားမှုတွေ မြင့်တက်နေတဲ့အတွက် မေလ ၁၈ ရက် မနေ့ည ၈ နာရီကစပြီး သတိပေးချက်ကို တိုးမြှင့်လိုက်တာလို့ ဆိုပါသည်။


news-view-count-icon

8