စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာန (MOH) မှ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ တစ်ပတ်အတွင်း Covid 19 ကူးစက်သူသည် ၁၄,၂၀၀ ရှိကြောင်း မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စင်ကာပူသည် 2023 ခုနှစ် ဖေဖော်ဝါရီလတွင် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များအားလုံးကို ရုတ်သိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခု Covid-19 ကြောင့် လူများအား မိမိတို့ကိုယ်ကို ကာကွယ်ရန် ပုံမှန် Mask ဝတ်ဆင်ခြင်းနှင့် လက်ဆေးခြင်းကဲ့သို့သော ကြိုတင်ကာကွယ်မှုများကို ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။



