မကြာသေးမီက အမေရိကန် Variety မဂ္ဂဇင်း မှ “Cannes International Film Festival (ကိန်းစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်) တွင် ၄ နှစ်မြောက် ဆက်တိုက် ပါဝင်ပြသသည့် တရုတ်ရုပ်ရှင်ပူးပေါင်းပြသမှုသည် တရုတ်ရုပ်ရှင်၏ ရှင်သန်တက်ကြွမှုကို ပြသခြင်း ” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်ပြီး ယခုနှစ် ပြင်သစ်နိုင်ငံ Cannes International Film Festival တွင် တရုတ်ရုပ်ရှင် ၁၈၀ ကျော် ပါဝင်ပြသပြီး ရုပ်ရှင်လောကမှ ကျယ်ပြန့်သောအာရုံစိုက်မှုရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။ ယင်းဆောင်းပါးတွင် ယခုနှစ် Cannes International Film Festival မှ တရုတ်ရုပ်ရှင်ပူးပေါင်းပြသမှုဇုန်တွင် တရုတ်ရုပ်ရှင်ကုမ္ပဏီနှင့် အဖွဲ့အစည်း ၆၀ ကျော် ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။



