မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက်မှာ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဟာ လမ်းဘေးသစ်ပင်တစ်ပင်ကို ဆိုင်ကယ်နဲ့ မတော်တဆ ဝင်တိုက်မိရာမှ ပြင်းထန်သောဒဏ်ရာများရရှိကာ တစ်ခဏအတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ည ၈ နာရီခွဲခန့်အချိန်တွင် Morning Cafe ဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာပြီး ယာဉ်မောင်းသူဟာ မှေးစေ့၊ နဖူး၊ ဦး ခေါင်းဒဏ်ရာရကာ သေဆုံးသွားတာဖြစ်ပါတယ်။ရုပ်အလောင်းကို မြစ်ကြီးနား ရင်ခွဲရုံမှာ ပို့ဆောင်ထားပြီး မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရရှိသေးဘူးလို့ သိရပါတယ်။



