back

အင်ဒိုနီးရှား ရွှေသတ္ထုမိုင်း မြေပြို၊ လူ ခြောက်ဦး‌သေဆုံး ၁၄ ဦး ပျောက်ဆုံးနေ

May 19 • 12:14 PM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှား ရွှေသတ္ထုမိုင်း မြေပြို၊ လူ ခြောက်ဦး‌သေဆုံး ၁၄ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးပြည်နယ် အရှေ့စွန်းဒေသရှိ ရွှေသတ္ထုမိုင်းတစ်ခုတွင် မြေပြို၍ မိုင်းလုပ်သား ခြောက်ဦး‌သေဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ပျောက...

အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးပြည်နယ် အရှေ့စွန်းဒေသရှိ ရွှေသတ္ထုမိုင်းတစ်ခုတွင် မြေပြို၍ မိုင်းလုပ်သား ခြောက်ဦး‌သေဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ပျောက်ဆုံးလျက်ရှိသူ ၁၄ ဦးကို ရှာဖွေမှုကို မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေလ ၁၉ ရက် တနင်္လာနေ့တွင် ရပ်နားလိုက်ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မေလ ၁၆ ရက် သောကြာနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနောက်ပါပူးဝါးပြည်နယ် အာဖက်ခ်တောင်တန်းရှိ ဒေသခံများလုပ်ကိုင်ကြသည့် မိုင်းငယ်တစ်ခုတွင် မြေပြိုခဲ့ခြင်း ဖြစ်သည်။ ပျောက်ဆုံးလျက်ရှိသူများကို အာဏာပိုင်များက မေလ ၂၀ ရက် အင်္ဂါနေ့တွင် တကျော့ပြန်ရှာဖွေမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ 



news-view-count-icon

16