အနုပညာဟာ ကျန်းမာရေးနဲ့ဘဝအရည်အသွေးမြှင့်တင်နိုင်ပေးနိုင်တဲ့အကြောင်းကို ဆွေးနွေးကြမယ့် Arts & Healing Exchangeပွဲကိုမေလ(၁၄)ရက်မှာ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ Goethe-Institut Myanmarမှာကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။အနုပညာဖန်တီးမှုက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် မည်သို့အကျိုးပြုသည်ကို အလေးထားဆွေးနွေးမှာဖြစ်ပြီး လက်တွေ့ဆောင်ရွက်တွေ၊ ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေနဲ့ နယ်ပယ် အသီးသီးမှ ပညာရှင်တွေနဲ့ ချိတ်ဆက်နိုင်မယ့်အခွင့်အလမ်းတွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။



