လတ်တလော ရန်ကုန် မန္တလေး ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် တစ်လီတာလျှင် ၂,၈၀၀ ဝန်းကျင်သာ ရှိနေသော်လည်း မြစ်ကြီးနားမြို့တွင် ၇,၅၀၀ မှ ၈,၀၀၀ ဝန်းကျင်အထိ ပေး၍ ဝယ်ယူသုံးစွဲနေရခြင်းဖြစ်သည်။ မြစ်ကြီးနားမြို့အတွက် သတ်မှတ်ထားသည့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းမှာ တစ်လီတာလျှင် ၄,၅၀၀ ကျပ်ဝန်းကျင်သာ ဖြစ်သော်လည်း မြစ်ကြီးနားမြို့ရှိ စက်သုံးဆီဆိုင်များမှာ သတ်မှတ်ထားသည့် ရည်ညွန်း ဈေးဖြင့် ရောင်းချသည့်ဆီဆိုင် မရှိကြောင်း ဒေသခံများက ပြောဆိုသည်။



