အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်၊ ခေခုံကျေးရွာက ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူတွေ ဝမ်းပျက်၊ဝမ်းလျော်နဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတယ်လို့ တိုက်ပွဲရှောင်ပြည်သူတွေဆီက စုံစမ်းသိရပါတယ်။တိုက်ပွဲရှောင်ပြည်သူတွေဟာ မေလ ပထမအစောပိုင်းကတည်း ဝမ်းပျက်၊ ဝမ်းလျော်စတင်ဖြစ်ပွားခဲ့ပြီး ဆေးဝါး ခက်ခဲမှုကြောင့် ရောဂါဖြစ်ပွားမှုနှုန်းဟာတဖြည်းဖြည်း မြင့်တက်လာတယ်လို့ သိရပါတယ်။ရောဂါပြင်းထန်နေတဲ့ လူနာတွေကို ဆေးကုသမှု အမြန်မပေးရင် အသက်အန္တရယ်အတွက် စိုးရိမ်ရတဲ့အခြေနေထိ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။



