မွန်ဒေသထွက် သစ်သီးဝလံများကို အဝယ်လိုက်နေသောကြောင့် ဒူးရင်းသီး၊ မင်းဂွတ်သီးနှင့် ကြက်မောက်သီးများကို အဝယ်လိုက်နေကြပြီး ဈေးများလည်း မြင့်တက်နေကြောင်း ရောင်းဝယ်သူတစ်ဦးက ပြောသည်။လက်ရှိဈေးကွက်အတွင်း ဒူးရင်းသီး အရွယ်အစား အသေး၊အကြီးအလိုက် ကျပ် နှစ်သောင်းခွဲမှ တစ်သိန်းကျော်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။အလားတူ မင်းဂွတ်သီးဈေးနှုန်းမှာ တစ်လုံး ၃၀၀ ကျပ်မှ ၈၀၀ ကျပ်ထိ ပေါက်ဈေးရှိနေပြီး ကြက်မောက်သီး တစ်ကီလို တစ်သောင်းခွဲမှ သုံးသောင်းထိ ဈေးရှိကြောင်း သိရသည်။



