back

လားရှိုးမြို့တွင်း နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားလူဝင်မှုကြီးကြပ်ရေးကိစ္စများ စတင်ပြုလုပ်ပေး

May 19 • 9:33 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုးမြို့တွင်း နေထိုင်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားလူဝင်မှုကြီးကြပ်ရေးကိစ္စများ စတင်ပြုလုပ်ပေး

မေ ၁၉ ရက်မှ စတင်ကာ လားရှိုးမြို့ပေါ်တွင် နေထိုင်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လားရှိုးမြို့နယ် ဦးစီးမှူးရုံးတွင် မှတ်ပုံတင်များပ...

မေ ၁၉ ရက်မှ စတင်ကာ လားရှိုးမြို့ပေါ်တွင် နေထိုင်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လားရှိုးမြို့နယ် ဦးစီးမှူးရုံးတွင် မှတ်ပုံတင်များပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးခဲ့သည့် မှတ်ပုံတင်များ၊ အိမ်ထောင်စုစာရင်းများ၊ မွေးတိုးပြုလုပ်ခြင်းများ၊ UID ကောက်ယူခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။“ဒီနေ့က စပြီး လုပ်ပေးနေတယ်။ မှတ်ပုံတင်ပျောက်သွားတဲ့သူတွေအတွက်ရော၊ တခြားသန်းခေါင်စာရင်းပျောက်ဆုံးပျက်စီးသွားတာတွေအတွက်ရော၊ UID ကောက်ယူတာရော ပြန်လုပ်ပေးနေတယ်။ ဒီနေ့ စလုပ်ပေးတာပေါ့” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

news-view-count-icon

14