မြေပြိုမှုကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီး-လွိုင်လင်လမ်းပိုင်းတချို့ကို ညအချိန်မှာ လမ်းပြုပြင်ဖို့ ခေတ္တပိတ်ထားမယ်လို့ တောင်ကြီး-လွိုင်လင် ကုန်ပစ္စည်းနဲ့ ခရီးသည်ဝန်ဆောင်မှုပေးနေတဲ့ ယာဉ်လိုင်းတချို့ထံကနေ စုံစမ်းသိရှိရပါတယ်။မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟိုပုံးနဲ့ မိုင်းပွန်ကြားရှိ နောင်ခါးကျေးရွာ-ထမ်ဆန်းဂူ-လွယ်ဝိုးတုတ် ကြား(၆) မိုင်ရှိတဲ့လမ်းပိုင်းမှာ မြေပြိုမှုဖြစ်ပေါ်နေတဲ့အတွက် တောင်ကြီး-လွိုင်လင် ပြည်ထောင်စုလမ်းမ ဟိုပုံးနဲ့ မိုင်းပွန်ကြား လမ်းပိုင်းကို ပြန်လည်ပြုပြင်မှာ ဖြစ်တဲ့အတွက် လာမယ့် ၂၀၂၅-ခုနှစ်၊ မေလ(၂၀) ရက်နေ့မှ ဇွန်လ(၃) ရက်နေ့အထိ ညနေ ၁၀ နာရီမှ နံနက် ၄ နာရီအထိ (၁၅) ရက် ခေတ္တပိတ်ထားမယ်လို့ သိရပါတယ်။





မိုးရက်ဆက် သည်းထန်စွာ ရွာသွန်းပြီး မြေပြိုလို့ တောင်ကြီး-လွိုင်လင်လမ်းပိုင်းတချို့ကို ညအချိန်မှာ လမ်းပြုပြင်ဖို့ ခေတ္တပိတ်မယ်လို့ဆို
May 19 • 9:38 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 16 | 0 | 0 | 0 |


