အိန္ဒိယနိုင်ငံ၊ မဏိပူရ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ ၁၇ ရက် စနေနေ့တွင် မြန်မာနိုင်ငံသို့ ဒေါင်းအမွှေးအရိုး ၇၂,၀၀၀ တင်ပို့ရန်စီစဉ်နေသူ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။အိန္ဒိယ-မြန်မာနယ်စပ်ကိုဖြတ်၍ ဒေါင်းအမွှေးအရိုးများ တရားမဝင် တင်ပို့နေသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုကို ကြီးကြီးမားမား နှိမ်နင်းနိုင်ခဲ့သည်အဆိုပါ ဖမ်းဆီးမှုကို မေလ ၁၇ ရက်နေ့က ကာ့ချင်ခရိုင်ရှိ ပလဲ(Pallel)ရဲစခန်းဂိတ်အနီးတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည်။
မြန်မာနိုင်ငံသို့ ဒေါင်းအမွှေးအရိုးပေါင်း ၇၂,၀၀၀ ခန့် တင်ပို့မည့် အမျိုးသားတစ်ဦးကို ခဲယမ်းလက်နက်နှင့်အတူ မဏိပူရ်ရဲတပ်ဖွဲ့ ဖမ်းမိ
May 19 • 9:32 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


