မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် လေတပ်၏ စစ်ရေးလေ့ကျင့်မှုများကို ကြီးကြပ်ကွပ်ကဲခဲ့ပြီး စစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ မေလ ၁၇ ရက်က နိုင်ငံပိုင် KCNA သတင်းအေဂျင်စီ၏ ဖော်ပြချက်တွင် ကင်မ်သည် မေလ ၁၅ ရက်က ပြုလုပ်ခဲ့ သည့် မြောက်ကိုရီးယား၏ အမှတ် ၁ လေတပ် တပ်ခွဲ၏ လေကြောင်းတိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှု စစ်ရေး လေ့ကျင့်မှုများကို လေ့လာကြည့်ရှုခဲ့သည်ဟု ဆိုသည်။



