တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးပြည်နယ်ရှိ ရွာတစ်ရွာ၌ မေလ(၁၉)တနင်္ဂနွေနေ့အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုပြီးမြေပြိုမှုကြောင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါကျေးရွာတွင် နံနက် ၇ နာရီခန့်က မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူခုနစ်ဦးပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း Gaozhou မြို့အရေးပေါ် စီမံခန့်ခွဲရေးဗျူရိုကပြောကြားခဲ့သည်။ ပိတ်မိနေသူများအနက် ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ဦးသည် အရေးပေါ်ကုသမှုခံယူခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်ဟုသိရသည်။ ယင်းနောက် ကျန်လေးဦးကို ဆေးကုသရန် ဆေးရုံသို့ပို့ဆောင်ထားကာ ပျောက်ဆုံးနေသူကို ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်းသိရသည်။



