ဆရာချစ်ဦးညို၏ အသစ်စက်စက်စာအုပ် “ဆိုတီးက ကျွန်တော့်ဘဝ ပုံရိပ်များ” ထွက်ရှိလာခြင်းအထိမ်းအမှတ်အဖြစ် မေလ ၁၈ ရက်တွင် ရန်ကုန်ရှိ Slow Book ဆိုင်တွင် မိတ်ဆက်ပွဲကျင်းပခဲ့သည်။ ပွဲတွင် ဆရာဦးချစ်ညိုကိုယ်တိုင် လက်မှတ်ရေးထိုး၍ စာအုပ်များရောင်းချပေးခဲ့သည့်အပြင်၊ ဆရာ၏အခြားစာအုပ်များကိုလည်း ၂၀% လျှော့စျေးဖြင့် ရရှိနိုင်ခဲ့ပြီး၊ ကဗျာဆရာမောင်သာချို၊ ဆရာမ ဒေါ်သန်းမြင့်အောင် တို့အပါအဝင် စာပေချစ်သူများစွာ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် မွေးနေ့ကျသော ဆရာမ နုနုရည် (အင်းဝ) အတွက် မွေးနေ့ကိတ်ခွဲခြင်းလည်း ပြုလုပ်ခဲ့ကြသည်။



