မြန်မာ့လက်မှုပစ္စည်းများဖြစ်သည့် ဝါးနှင့် ကြိမ်ထွက်ပစ္စည်းများကို တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသူများသည် ယခုအချိန်တွင် ရန်ကုန်မြို့အတွင်း မြို့နယ်အနှံ့အသန် တွင် ပိုမိုများပြားလာသည်ဟု သိရသည်။အဆိုပါပစ္စည်းများတွင် ဆန်ကော၊ ခမောက်၊ ဆွဲခြင်း၊ ယပ်တောင်စသည့် ပစ္စည်းအမျိုးမျိုး ပါဝင်ပြီး စျေးနှုန်းမှာ ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိသည်။ရောင်းသူတစ်ဦးက “တစ်နေ့ကို ကျပ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ဝန်းကျင် ရောင်းဝယ်နိုင်တယ်၊ မိသားစုကိုလည်း စားဝတ်နေရေးအတွက် ပြေလည်တယ်” ဟု ပြောကြားခဲ့သည်။မြန်မာ့ယဥ်ကျေးမှုနှင့် လက်မှုတန်ဖိုးပြန်လည်ပေါ်လွင်လာသည်ကို တသက်သက်ပြသနေပြီး လူမှုအဆင်မပြေသောကာလတွင် အသက်မွေးဝမ်းကျောင်းအဖြစ် ရပ်တည်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။



