ရန်ကုန်မြို့ရှိ ဘုရားများအနီး၌ ရောင်းချသည့် ကုသိုလ်ဖြစ်ငှက်များ၏ စျေးနှုန်း မြင့်တက်လာမှုကြောင့် လွှတ်သူများ သိသိသာသာ နည်းလာကြောင်း သိရသည်။ ယခင်တစ်ကောင် ၁၀၀၀ ကျပ်ရှိသော်လည်း ယခုတစ်ကောင် ၂၀၀၀ ကျပ်အထိ တက်လာပြီး စျေးကြီးမှုကြောင့် ယခင်ကနေ့စဉ်လွှတ်သူများသည် တစ်လတစ်ကြိမ်သာ လွှတ်လာကြောင်း ငှက်ရောင်းသူများက ပြောကြသည်။သိရှိလာသည်အရ ထိုငှက်များသည် ရန်ကုန်အနီး ကျေးရွာများမှ ဖမ်းဆီးလာကာ ငှက်လက်လီရောင်းသူများသို့ ပေးအပ်ရောင်းချနေကြခြင်းဖြစ်သည်။



