ပဲခူးတိုင်း၊ တောင်ငူမြို့၌ မိမိမွေးဖွားသောကလေးအား စောင့်ရှောက်နိုင်ရန် ပရဟိတအသင်းထံသို့ အပ်နှံလိုက်သော မိခင်တစ်ဦး၏ စိတ်မလွယ်ကူသည့်ဆုံးဖြတ်ချက်ကို Save The Trees Rescue Team က တင်ပြခဲ့သည်။ မိန်းကလေးငယ်တစ်ဦးဟာ အလိုမတူဘဲ ကိုယ်ဝန်ရရှိခဲ့ပြီး မွေးစရိတ်မရှိသောကြောင့် အသင်းမှ ကျပ်သုံးသိန်းလှူဒါန်းကာ ဆေးရုံတွင်မွေးဖွားနိုင်စေခဲ့သည်။ယခုအခါ မိခင်နှင့်ကလေးသည် ကျန်းမာကြောင်း သိရှိရပြီး မိခင်ဖြစ်သူက ကလေးအား အသင်းထံတွင်ထားရှိမည်ဖြစ်သဖြင့် မွေးစားလိုသူများသို့မဟုတ် ကလေးဂေဟာတစ်ခုသို့ ပို့ဆောင်နိုင်ရန် ပြင်ဆင်ထားကြောင်း အသင်းမှပြောသည်။



