အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် မေလ(၁၈)တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် သေဆုံးခဲ့သူ ၁၇ ဦး၏ အမည်စာရင်းကိုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



