အမျိုးသမီး FA Cup ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းက လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီအတွင်း စူပါလိဂ်၊ လိဂ်ဖလားပြိုင်ပွဲများတွင်လည်း ချန်ပီယံ ဖြစ်ထားသောကြောင့် ပြည်တွင်းဖလားသုံးလုံးစလုံး ဆွတ်ခူးနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် FA Cup ပြိုင်ပွဲတွင် ခြောက်ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်သည်။



