back

ထိုင်းနိုင်ငံ၏ ကိုယ်ပိုင် အီးဗီ အမှတ်တံဆိပ် မကြာမီ ထွက်ပေါ်လာမည်

May 19 • 2:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၏ ကိုယ်ပိုင် အီးဗီ အမှတ်တံဆိပ် မကြာမီ ထွက်ပေါ်လာမည်

ထိုင်းနိုင်ငံတွင် နိုင်ငံကိုယ်စားပြု အီးဗီအမှတ်တံဆိပ်ဖြင့် ပစ်ကပ်ထရပ်၊ SUV, MPV တို့ကို ယခုနှစ်အတွင်း ထုတ်လုပ်မည်။ ထိုင်း အီးဗီအမှတ်တံဆိပ်ဖြင့် ကားထုတ်လုပ်နိုင်...

ထိုင်းနိုင်ငံတွင် နိုင်ငံကိုယ်စားပြု အီးဗီအမှတ်တံဆိပ်ဖြင့် ပစ်ကပ်ထရပ်၊ SUV, MPV တို့ကို ယခုနှစ်အတွင်း ထုတ်လုပ်မည်။ ထိုင်း အီးဗီအမှတ်တံဆိပ်ဖြင့် ကားထုတ်လုပ်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကျောထောက်နောက်ခံ ပြုပေးပြီး တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်း Chery Automobile က ပံ့ပိုးပေးသည်။ အမျိုးသားသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ National Science and Technology Development Agency (NSTDA) လည်း ပါဝင်ပတ်သက်သည်။ ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် လောဂျစ္စတစ်နှင့် ပို့ဆောင်ရေးလုပ်ငန်း King Gen လည်း ပါဝင်သည်။ အမည်မပေးရသေးသော ဖက်စပ်လုပ်ငန်းသည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အစစအရာရာ အဆင်ပြေချောမွေဖ့ခဲ့လျှင် အီးဗီစစ်စစ် မော်ဒယ် ၃ မျိုး ထုတ်လုပ်မည်။ ပစ်ကပ်ထရပ်၊ SUV နှင့် MPV မော်ဒယ် တခုစီ ထုတ်လုပ်မည်။ ထုတ်လုပ်မည့် အီးဗီတွင် ပြည်တွင်းဖြစ် အနည်းဆုံး ၅၀% ပါဝင်မည်။


news-view-count-icon

33