back

ဘန်ကောက်တွင် မိုးကြီးရေလျှံမှု အန္တရာယ် သတိပေးချက် ထုတ်ပြန်

May 18 • 3:17 PM

cover

ဘန်ကောက်တွင် မိုးကြီးရေလျှံမှု အန္တရာယ် သတိပေးချက် ထုတ်ပြန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Kasetart တက္ကသိုလ်မှ အဏ္ဏဝါသိပ္ပံပညာရှင် သွန် ထမ်ရောင်နာဝါဆဝတ်က မေလ(၁၇) စနေနေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ မိုးကြီးရေလျှံမှ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Kasetart တက္ကသိုလ်မှ အဏ္ဏဝါသိပ္ပံပညာရှင် သွန် ထမ်ရောင်နာဝါဆဝတ်က မေလ(၁၇) စနေနေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ မိုးကြီးရေလျှံမှု ပြဿနာနှင့်ပတ်သက်၍ ပြင်းထန်သော သတိပေးချက်တစ်ခုကို တင်ခဲ့သည်။ ၎င်း၏ ပို့စ်တွင် သွန်သည် ယမန်နေ့ ညနေ ၃ နာရီမှ ၄ နာရီအထိ ဘန်နာတွင် ဖြစ်ပွားခဲ့သော ဆိုးရွားသော ယာဉ်ကြောပိတ်ဆို့မှု အကြောင်းကို ရေးသားခဲ့ပြီး (သောကြာနေ့ ရုံးဆင်းချိန်သည် ဘန်ကောက်မြို့၏ ကားအကြပ်ဆုံးအချိန်လည်း ဖြစ်သည်) ကမ္ဘာကြီး ပူနွေးလာမှုကြောင့် လူနေမှုဘဝ နိမ့်ပါးသွားနိုင်ကြောင်း၊ ရေလွှမ်းမိုးမှု ဖြစ်ပွားသည့် အကြိမ်ရေသည် နှစ်ဆ တိုးလာနိုင်ကြောင်း ခန့်မှန်းရေးသားထားသည်။

news-view-count-icon

9