ဖင်လန်နိုင်ငံတွင် မေ ၁၇ ရက်က ကောင်းကင်ယံ၌ ရဟတ်ယာဉ်နှစ်စင်း တိုက်မိပြီး မြေပြင်ပေါ်သို့ ပျက်ကျခဲ့သောကြောင့် ရဟတ်ယာဉ်ပေါ်ပါလာသူများ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ "ဒီမတော်တဆမှုကြောင့် လူသေဆုံးမှုတွေ ရှိပါတယ်။ သေဆုံးသူအရေအတွက် အတိအကျနဲ့ ခရီးသည်တွေက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ဆက်လက်လေ့လာစုံစမ်းနေပါတယ်" ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းရဟတ်ယာဉ်များသည် အက်စ်တိုးနီးယားမှ ထွက်ခွာလာခြင်းဖြစ်ပြီး ရဟတ်ယာဉ်များပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာကြခြင်းဖြစ်ကာ ပထမရဟတ်ယာဉ်တွင် လူသုံးဦးလိုက်ပါလာပြီး ဒုတိယရဟတ်ယာဉ်တွင် လူနှစ်ဦးလိုက်ပါခဲ့သည်ဟု မီဒီယာတွင်ဖော်ပြထားသည်။ 
| 12 | 0 | 0 | 0 |


