ကျောင်းအလှူငွေ ဘတ် သန်း ၃၀၀ အလွဲသုံးမှုဖြင့် စစ်ဆေးခံနေရသော ဝတ်ရိုင်ခင်းကျောင်း၏ ကျောင်းထိုင် ဖရာ ဓမ္မရာချီဝါနူဝပ်နှင့် မိတ်ဖက် အမျိုးသမီးတို့သည် ယနေ့ တရားရုံးရမန်ယူပြီး ထွက်လာချိန်တွင် မီဒီယာများ မေးမြန်းမှုအား ဖြေကြားရန် ငြင်းဆိုခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ထိုင်းနိုင်ငံ၊ နခွမ်ပသွန်ပြည်နယ်ရှိ ဝတ်ရိုင်ခင်းဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော် ဖရာ ဓမ္မရာချီဝါနူဝပ်သည် အွန်လိုင်း baccarat လောင်းကစားအတွက် ကျောင်းရန်ပုံငွေ ဘတ်သန်း ၃၀၀ (ခန့်မှန်းခြေ ဒေါ်လာ ၉ သန်းခန့်) အလွဲသုံးစားလုပ်မှုဖြင့် မေလ ၁၅ ရက်က ဘန်ကောက် ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို (CIB)မှ ဖမ်းဆီးခံခဲ့ရပြီး ၎င်းထံမှ ဘတ်သန်း ၄၀ ချေးယူထားသော အမျိုးသမီးကိုလည်း ယင်းနေ့တွင်ပင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အလှူငွေဘတ်သန်း ၃၀၀ အလွဲသုံးမှု မီဒီယာများ မေးမြန်းချက်ကိုဝတ်ရိုင်ခင်းကျောင်း၏ ကျောင်းထိုင်နှင့် မိတ်ဖက် အမျိုးသမီးတို့ငြင်းဆန်
May 18 • 3:15 PM
မျှဝေမည်
| 17 | 0 | 0 | 0 |


