ယူကရိန်းအရှေ့မြောက်ပိုင်းမှာ ခရီးသည်ဘတ်စ်ကားတစီးကို ရုရှားက ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ ဘီလိုပီလီရာမြို့မှာ စနေ(မေ၁၇)နေ့မနက် တိုက်ခိုက်မှုအတွင်း လူ ၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆူမီဒေသ စစ်ဘက်အုပ်ချုပ်ရေးက ပြောပါတယ်။ ဆူမီစစ်တပ်အုပ်ချုပ်ရေးက “ယီလိုပီလီရာအနီးမှာ ပုံမှန်ပြေးဆွဲနေတဲ့ ဘတ်စ်ကားကို ရုရုားဒရုန်း က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လူ ၉ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်” လို့ တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။ 
May 18 • 3:14 PM
မျှဝေမည်
| 7 | 0 | 0 | 0 |


