back

ရန်ကုန်မြို့တွင် ဘက်ထရီဆိုက်ကားသုံးစွဲသူများပြားလာ၍ ရိုးရိုးဆိုက်ကားသမားများ ဝင်ငွေလျော့လာ

May 18 • 2:25 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် ဘက်ထရီဆိုက်ကားသုံးစွဲသူများပြားလာ၍ ရိုးရိုးဆိုက်ကားသမားများ ဝင်ငွေလျော့လာ

ရန်ကုန်မြို့ရှိ သုံးဘီး၊ ဘေးတွဲစီးနင်းခွင့်မရှိသော ဆင်ခြေဖုံးရပ်ကွက်များတွင် ဘက်ထရီဆိုက်ကားများကို အသုံးပြုမှုများပြားလာခြင်းကြောင့် ရိုးရိုးဆိုက်ကားနင်းသူများမ...

ရန်ကုန်မြို့ရှိ သုံးဘီး၊ ဘေးတွဲစီးနင်းခွင့်မရှိသော ဆင်ခြေဖုံးရပ်ကွက်များတွင် ဘက်ထရီဆိုက်ကားများကို အသုံးပြုမှုများပြားလာခြင်းကြောင့် ရိုးရိုးဆိုက်ကားနင်းသူများမှာ ဝင်ငွေပိုင်းဆိုင်ရာ ထိခိုက်မှုကြုံလာကြောင်း အဆိုပါ ဆိုက်ကားနင်း အသက်မွေးနေသူများထံမှ သိရသည်။ဆိုက်ကားများကို ဘက်ထရီဆိုက်ကားအဖြစ်သို့ ပြောင်းလဲတပ်ဆင်သည့်အခါတွင် ယခင်ကတစ်စီးကို ကျပ် သုံးသိန်းမှ လေးသိန်းအထိသာ ကုန်ကျမှုရှိသော်လည်း လက်ရှိတွင် ကျပ် ၁၀ သိန်းဝန်းကျင်အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။ရန်ကုန်မြို့အတွင်း ဘေးတွဲ၊ သုံးဘီးဆိုင်ကယ်များ စီးနင်းခွင့်မရှိဘဲ တင်းကျပ်စွာတားမြစ်ထားသည့် မြို့နယ်များ အတွင်းတွင် ဆိုက်ကားအုံနာအချို့မှာ ဆိုက်ကားကို ဘက်ထရီတပ်ဆင်ပြီး ဘက်ထရီဆိုက်ထားများအဖြစ် ပြောင်းလဲလာခဲ့ကြောင်း သိရသည်။



news-view-count-icon

45