ယနေ့အချိန်အထိ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ မသန်စွမ်းသူ ၈၅၀ ဦးအပါအဝင်ငလျင်ဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၄၅၄၀ စုထံ အခြေခံ စားသောက်ကုန်များ၊ အရေးပေါ်ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများ ပံ့ပိုးထားရှိပြီးဖြစ်ပြီး ယခုလာမည့်(၂)ပတ်အတွင်း မသန်စွမ်းအိမ်ထောင်စု ၇၂၀ကျော်ကို (၁)လစာ စားနပ်ရိက္ခာများ၊ အရေးပေါ်ဆေးဝါးများ၊ အိမ်သုံးပစ္စည်းများနှင့် အမိုးအကာများ ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ေကြာင်း သိရသည်။ငလျင်ဘေးသင့်ပြည်သူများအား ကူညီပံ့ပိုးပေးရန်အတွက်၂၉.၃.၂၀၂၅ ရက်နေ့မှ ၁၅.၅.၂၀၂၅ ရက်နေ့ထိ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ထံသို့ လှူဒါန်းသော အလှူရရှိငွေ စုစုပေါင်းမှာ ၁၉၅၇၀၉၈၅၈/-ကျပ် ဖြစ်ကြောင်း လည်း အသိပေးဖော်ပြ ထားသည်။



