ရန်ကုန်နှင့် မန္တလေးရှိ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီများ၏ ၂၀၂၅-၂၆ ပညာသင်နှစ် အတွက် ကစားသမား ရွေးချယ်ခြင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာ မိတဦးဆောင်သည့် နည်းစနစ်အဖွဲ့၊ မြန်မာ့လက်ရွေးစင်ဟောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသခံများ ပူပေါင်း၍ မတ်လ၊ ဧပြီနှင့်မေလ တို့တွင် လူငယ် ၁၃၀၀ ကျော်အား အဆင့်ဆင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့သည်။ MFF အနေဖြင့် မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားများအတွက် နှစ်စဉ် နေစရိတ်၊ စားသောက်စရိတ်၊ ပညာသင်စရိတ်များအားလုံး အခမဲ့ စီစဉ်ပေးထားပါသည်။









