back

ရန်ကုန်တိုင်းအတွင်း သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ်များ ရန်ကုန်၌ဖမ်းဆီးရမိ

May 18 • 2:21 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းအတွင်း သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ်များ ရန်ကုန်၌ဖမ်းဆီးရမိ

လိုင်စင်မဲ့ယာဉ်နှစ်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၃,၀၀၀,၀၀၀)ကို ထန်းတပင်မြို့နယ်နှင့် အင်းစိန် မြို့နယ်တို့မှလည်းကောင်း၊ ကော့သောင်းမြို့မှ ရန်ကုန်မြို...

လိုင်စင်မဲ့ယာဉ်နှစ်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၃,၀၀၀,၀၀၀)ကို ထန်းတပင်မြို့နယ်နှင့် အင်းစိန် မြို့နယ်တို့မှလည်းကောင်း၊ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်တန်ဖိုးငွေ ၄၇,၂၅၈,၂၉၅)ကျပ်နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV.War Nate Za ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေ ၂,၀၀၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မှော်ဘီမြို့နယ်အတွင်း လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ တာမွေမြို့နယ် ဗညားဒလလမ်း၊ မင်္ဂလာရုပ်ရှင်ရုံအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၀,၀၀၀) နှင့် အဆိုပါ သစ်များတင်ဆောင်လာသည့် Pickup ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်နှစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထေား ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉,၉၅၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၆၁,၀၃၈,၂၉၅ )တို့ကို မေ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



news-view-count-icon

10