လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင်မေလ၁၇ရက်နံနက်၆း၃၀နာရီအချိန်ကအနော်ရထာလမ်းအတိုင်း၈၆ဂိတ်ဟောင်းမှသမကုန်းဖက်သို့ယာဥ်မောင်းကျော်ရဲလှိုင်မောင်းလာသောကားသည်ရွှေရင်အေးကျောင်းလမ်း၌စက်ဘီးစီးလာသူအမျိုးသားတစ်ဦးအားတိုက်မိပြီးအရှိန်မထိန်းနိုင်ပဲလမ်းထိပ်တွင်လူအတင်အချပြုလုပ်နေသောဖယ်ရီကားအားနောက်မှဝင်တိုက်ရာဖယ်ရီကားပေါ်တက်နေသောအမျိုးသမီးနှစ်ဦးပြင်းထန်ဒဏ်ရာရသွားကြောင်းသိရသည်။ယာဥ်တိုက်ခံရသူသုံးဦးအားလှိုင်သာယာဆေးရုံတွင်ကုသပေးနေပြီးယာဥ်ကိုမဆင်မခြင်မောင်းသောယာဥ်မောင်းကိုဖမ်းဆီးအရေးယူထားကြောင်းသိရသည်။



