back

ပန်းပဲတန်းတွင်အမျိုးသမီးကြီးတစ်ဦးထိုင်လျက်​သေဆုံး

May 18 • 10:47 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ပန်းပဲတန်းတွင်အမျိုးသမီးကြီးတစ်ဦးထိုင်လျက်​သေဆုံး

 ရန်ကုန်မြို့၊​ကျောက်တံတားခရိုင်၊ပန်းပဲတန်းမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊မဟာဗန္ဓုလလမ်းအလယ်၊၂၇လမ်းနှင့်၂၈လမ်းကြားတွင်​မေလ၁၆ရက်​နေ့လယ်၂း၄၀နာရီအချိန်ကအမျိုးသမီးကြီးတစ်ဦ...

 ရန်ကုန်မြို့၊​ကျောက်တံတားခရိုင်၊ပန်းပဲတန်းမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊မဟာဗန္ဓုလလမ်းအလယ်၊၂၇လမ်းနှင့်၂၈လမ်းကြားတွင်​မေလ၁၆ရက်​နေ့လယ်၂း၄၀နာရီအချိန်ကအမျိုးသမီးကြီးတစ်ဦးလမ်း​ဘေးတွင်ထိုင်လျက်​သေဆုံး​နေ​ကြောင်းသိရသည်။မြို့နယ်နှင့်ရဲတပ်ဖွဲ့တာဝန်ရှိသူများကသတင်းအရသွား​ရောက်စစ်​ဆေးရာ​သေဆုံးသူမှာဒလမြို့နယ်​နေ​ဒေါ်မ​အေး(အသက်၇၅နှစ်)ဖြစ်ပြီးပြင်ပဒဏ်ရာမရှိပဲထိုင်လျက်အ​နေအထားဖြင့်​သေဆုံး​နေသည်ကို​တွေ့ရသည်။ထို့​ကြောင့်​သေဆုံးသူအားမဟာမွန်မြတ်ပရဟိတအသင်းပိုင်မော်​တော်ယာဥ်ဖြင့်ရန်ကုန်​ဆေးရုံကြီးသို့ပို့​ဆောင်ပြီး​ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်မဟုတ်စစ်​ဆေးကာသေမှု​သေခင်းဖွင့်လှစ်​ဆောင်ရွက်လျက်ရှိ​ကြောင်းသတင်းရရှိသည်။


news-view-count-icon

13