မေ ၁၈ ရက်နံနက်ပိုင်းက မိုးရွာသွန်းမှု ကြောင့် မန္တလေးမဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်း နှင့်၈၉ လမ်းထောင့်ရှိ အဘယာရာမ ရွှေဂူကျောင်းတိုက် အတွင်းရှိ ငလျင်ဘေးသင့် ကယ်ဆယ်ရေး စခန်းအတွင်းလုံးပတ် (၅) ပေခန့် ၊ အရှည် ပေ (၄၀) ရှိ ကုက္ကိုလ်ပင်သည် မိုးရွာသွန်းမှုကြောင့် အမြစ်ခြေကနေ လှန်ပြီး လဲကျခဲ့ရာ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး လူမှုကူညီးရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။



