ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့၊ မိုးကောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဖြစ်တော်မူသော ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ (နိုင်ငံတော်သြဝါဒါစရိယ၊ တိပိဋက သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ တိပိဋကာလင်္ကာရ ပရိယတ္တိဆေကဓမ္မာဓိပတိ၊ ပါဠိပါရဂူ၊ ပိဋကတ္တယပါရဂူ၊ နိကာယဏ္ဏဝပါရဂူ)၏ သက်တော် (၉၀)ပြည့်နဝရတ်ရတု ဝိဇာတမွေးနေ့ကုသိုလ်တော်အဖြစ် စတုဒီသာလှူဒါန်းမှုနှင့် အနယ်နယ်အရပ်ရပ်မှ တပည့်သံဃာတော်များအား ပရိဝါသမာနတ္တာဒိ ဝိနိစ္ဆယသင်တန်းပို့ချခဲ့ကြောင်း သိရသည်။



