back

ရန်ကုန်မြို့ Myanmar Xiang He စက်ရုံတွင် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုအပြီး အလုပ်သမားနှစ်ဦးအား အလုပ်ထုတ်

May 17 • 2:41 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ Myanmar Xiang He စက်ရုံတွင် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုအပြီး အလုပ်သမားနှစ်ဦးအား အလုပ်ထုတ်

Myanmar Xiang He အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပြီး သတိပေးလက်မှတ်တိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြ...

Myanmar Xiang He အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပြီး သတိပေးလက်မှတ်တိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မေ ၁၆ ရက် ညနေ ငါးနာရီ ဝန်းကျင်မှာ အမျိုးသမီးငယ် အလုပ်သမား ၂ ဦးကို အလုပ်ထုတ်ပြီး ၅ ဦးကို သတိပေးလက်မှတ်တွေ ထိုးခိုင်းခဲ့တာလို့ ပြောပါတယ်။ အလုပ်ထုတ်တာနဲ့ သတိပေးလက်မှတ်ထိုးခိုင်းတာတွေကို အလုပ်သမားရုံးတွေ ပိတ်ချိန် ညနေ ၅ နာရီကျော်မှ စက်ရုံဘက်က ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။Myanmar Xiang He အထည်ချုပ် စက်ရုံက ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ စက်မှုဇုန်၊ အင်းဝလမ်းမှာ ရှိပြီး လုပ်ခလစာတိုးမြှင့်ပေးဖို့ နှစ်စဉ် စုဝေးတောင်းဆိုခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ စက်ရုံနှစ်ရုံပေါင်း အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံကျော်ကို ရောင်းချနေတဲ့ တူရကီနိုင်ငံ အခြေစိုက် Mavi တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။ 



news-view-count-icon

11