ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှု့ဇုန်မှာ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံအလုပ်သမားတွေ လုပ်ခလစာ တိုးမြှင့်ရေးတောင်းဆိုနေတယ်လို့ သိရပါတယ်။ ဒီကနေ့ မေလ၁၇ရက် နေ့လည်ပိုင်းမှာ စက်ရုံအတွင်းမှာ စတင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့လို့ အလုပ်သမားတွေထံမှ သိရပါသည်။လက်ရှိ စက်ရုံဘက်က ပေးတဲ့ ဒေးကြေး၊ထောက်ပံ့ကြေး၊အချိန်ပိုကြေးတွေက လုပ်သက် ၃ လပြည့်သူတွေပဲ ရရှိပြီး ၃ လမပြည့်တဲ့ အလုပ်သမားတွေကတော့ ဒေးကြေး ၄,၈၀၀၊ ထောက်ပ့ကြေး ၂,၀၀၀ နဲ့ အိုတီကြေး တနာရီ ၁,၅၀၀ ပဲ ရရှိတယ်လို့ ပြောပါတယ်။ UA Electronic Co.,Ltd စက်ရုံမှာ လုပ်သား ၃၀၀ ဝန်းကျင်ရှိပြီး အခု တောင်းဆိုမှု့မှာ အလုပ်သမား အားလုံး ပါဝင်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။



