back

ကလောမှ အောင်းပန်းသို့ ကားရထားခေါက်ရေ (၃၀)ကျော်ပြေးဆွဲခဲ့ပြီး စီးနင်းသူအများစုမှာ အလှဓာတ်ပုံရိုက်ကူးရန်

May 17 • 2:44 PM

breaking-news

မြန်မာ

ရှမ်း

cover

ကလောမှ အောင်းပန်းသို့ ကားရထားခေါက်ရေ (၃၀)ကျော်ပြေးဆွဲခဲ့ပြီး စီးနင်းသူအများစုမှာ အလှဓာတ်ပုံရိုက်ကူးရန်

ထင်းရှုးမြို့တော်ဖြစ်သည့် ကလောမြို့မှ အောင်ပန်းမြို့သို့ ပြေးဆွဲလျက်ရှိသည့် ကားရထားကို ဧပြီလအတွင်း ခေါက်ရေ (၃၀) ကျော်ပြေးဆွဲနိုင်ခဲ့ပြီး စီးနင်းသူခရီးသွားအများစ...


ထင်းရှုးမြို့တော်ဖြစ်သည့် ကလောမြို့မှ အောင်ပန်းမြို့သို့ ပြေးဆွဲလျက်ရှိသည့် ကားရထားကို ဧပြီလအတွင်း ခေါက်ရေ (၃၀) ကျော်ပြေးဆွဲနိုင်ခဲ့ပြီး စီးနင်းသူခရီးသွားအများစုမှာ အလှဓာတ်ပုံံရိုက်ကူးရန်ဖြစ်ကြောင်း ကလောမီးရထားဘူတာရုံံပိုင်ကြီးမှ" ကလောကနေ အောင်ပန်းအထိ စင်းလုံးဌား တစ်ခေါက်ကို တစ်သိန်းနှစ်သောင်း ယူပါတယ်။(၁၅)ယောက် စီးလို့ရတယ်။ တကယ်လို့လူနည်းနည်းပဲစီးချင်လည်း ဒီနှုန်းထားပါပဲ။ ကြိုငှားလို့လည်းရသလို တကယ်လို့ ချက်ချင်းစီးချင်ရင်တော့ အချိန်တော့စောင့်ဆိုင်းပေးရမှာပါ။ အသွားအပြန်ကို တစ်နာရီခွဲလောက်ကြာပါတယ်။ ဧပြီလအတွင်းမှာတော့ခေါက်ရေ (၃၀)ကျော်ပြေးဆွဲနိုင်ခဲ့တယ်။ဒီလကတော့ အနည်းဆုံးပုံမှန်တစ်ခေါက်ပြေးဆွဲပေးနေရတယ် “ဟု ပြောပါသည်။


news-view-count-icon

42