MNL League Cup 2025 Group(C)ပွဲစဉ်တွင် Rakhine Utd အသင်းမှ လေးဂိုး တစ်ဂိုးဖြင့်ChinLand အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်၏ AYA Pay Man Of The Match ဆုကိုRakhine Utdအသင်းမှ ကျောနံပါတ် (၇၇)စည်သူအောင်ကရရှိခဲ့သည်။အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် နှစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကိုမြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌဦးဇော်မင်းသိန်းကချီးမြှင့် ပေးခဲ့သည်။



