မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၇၃လမ်းနှင့်၁၁၀လမ်း ထောင့်မှာ မန္တလေးနှင့်စစ်ကိုင်းက ငလျင်ဘေး ဒဏ်သင့်ပြည်သူများအတွက် ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာကို လာမယ့်ဇွန်လဆန်းပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ ကမ္ဘောဇဘဏ်က စီစဥ်ဆောင်ရွက်နေတယ်လို့ ကမ္ဘောဇဘဏ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာကို မြေဧရိ ယာ(၁၆)ဧကမှာ တည်ဆောက်နေတာဖြစ်ပြီးအဆောင်(A) မှာ Call Center, Registration & Check in Point Information & Administration Center ကုသရေးစင်တာ ၊Medical& First Aid Point များဆေးဝါးကုသရေးစင်တာများ(စိတ်ကျန်းမာရေးကုသဆောင်၊အရိုးအ ကြောကုသဆောင်၊အထွေထွေရောဂါကုသဆောင်)Meeting Space for Relief Workers ၊အ ဆောင်(B)မှာ အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများသိုလှောင်ရုံ/ဖြန့်ဝေရေးစင်တာ၊အ ဆောင်(C)မှာ နားနေခန်းနှင့်ကလေးများသင်ထောက်ကူခန်း၊အဆောင်(D)မှာ ထမင်းစားဆောင်M & E Office ၊အဆောင် (E)မှာ စားဖိုဆောင်နေကာများElectrical Pump House၊ အဆောင်(F) မှာ Center Management Office Meeting Leisure Room ၊ Rest Roomတို့ပါဝင်မယ်လို့ သိရပါတယ်။



