back

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထည်ချုပ်စက်ရုံ အလုပ်သမားများက လစာများတောင်းဆိုဆန္ဒပြ

May 17 • 1:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထည်ချုပ်စက်ရုံ အလုပ်သမားများက လစာများတောင်းဆိုဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ BHIS ကုမ္ပဏီလီမိတက်ရဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေက မေလ ၁၇ ရက်မှာ ဒက်ကာ-မိုင်မန်ဆင်း အဝေးပြေးလမ်းမကြီးကို ပိတ်ဆိုပြီး ဧပြီလအတွက် သူတိုရ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ BHIS ကုမ္ပဏီလီမိတက်ရဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေက မေလ ၁၇ ရက်မှာ ဒက်ကာ-မိုင်မန်ဆင်း အဝေးပြေးလမ်းမကြီးကို ပိတ်ဆိုပြီး ဧပြီလအတွက် သူတိုရဲ့လစာတွေမရသေးတာကို နှစ်နာရီကြာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ မေလ ၁၇ ရက် နံနက် ၉း၁၅ နာရီလောက်ကနေ နံနက် ၁၁း၁၅ နာရီအထိ အလုပ်သမားတွေကလည်း ဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြတာပါ။ ရဲတပ်ဖွဲအရာရှိတွေက နောက်ဆုံးမှာဆန္ဒပြအလုပ်သမားတွေကို လစာမရသေးတဲ့ကိစ္စအတွက် သူတို့ ဖြေရှင်းပေးမှာဖြစ်ပြီး လမ်းမကြီးပြန်ဖွင့်ပေးရန်ဖျောင်းဖျပြောဆိုကာ ဆန္ဒပြပွဲအဆုံးသတ်အောင်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါသည်။


news-view-count-icon

15