ဂျပန်နိုင်ငံက ကုမ္ပဏီ ၃၁၀ က မြန်မာအလုပ်သမား ၁၂၀၀ ကျော် ခေါ်ယူမယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ မြန်မာအလုပ်သမား တွေကို ခေါ်ယူဖို့ ဂျပန်နိုင်ငံ ကုမ္ပဏီနဲ့ စက်ရုံ အလုပ်ရုံတွေက ကမ်းလှမ်းစာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကမ်းလှမ်းစာတွေထဲက မြန်မာလုပ်သား ၁,၂၆၃ဦးကို ခေါ်ယူထားပြီး အမျိုးသားလုပ်သား ၄၀၀ကျော်နဲ့ အမျိုးသမီး လုပ်သား ၈၀၀ ကျော် ပါဝင်ပါတယ် ။ အခု အလုပ်ကမ်းလှမ်းထားတဲ့ ဂျပန်ကုမ္ပဏီ ၃၁၀ ရဲ့ နောက်ကြောင်းအချက်အလက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ စိစစ်ပြီး အလုပ်သမားဝန်ကြီးဌာနကို ပေးပို့ခဲ့တာလို့လည်း ထုတ်ပြန်ထားတာပါ။



