ငလျင်ဒဏ်ကြောင့် အင်းလေးဒေသမှာ အိမ်ခြေပေါင်း(၃၀၁၈)အိမ် ထိခိုက်ပျက်စီးခဲ့ရပြီး အခုမေလဒုတိယပတ်အထိ နေအိမ်(၅၂၁)လုံးပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။အဲဒီလိုနေအိမ်တွေကိုပြန်တည်ဆောက်တာအပြင် ရေသန့်တွေအခမဲ့ပေးဝေဖို့နဲ့Mobile Toilet တွေထားရှိဖို့စီစဉ်ပေးနေပါတယ်။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Eco Care ကုမ္ပဏီ တို့ ပူးပေါင်းပြီး ကျေးရွာသောက်သုံးရေရရှိရေးအတွက် နှစ်မိုင်ခန့်ကွာဝေးသော အင်ကြင်းကုန်းရွာစက်ရေတွင်း မှအင်းလေးကန်ကို ဖြတ်၍ GI ရေပိုက်လိုင်းသွယ်တန်းပေးထားတယ်လို့ သိရပါတယ်။



