back

ပြည်တွင်း စက်သုံးဆီဈေးယခင်ထက် ကျဆင်းလာပေမယ့်အခြေခံ စားသောက်ကုန် ဈေးနှုန်း စံချိန်တင်မြင့်တက်နေ

May 17 • 10:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း စက်သုံးဆီဈေးယခင်ထက် ကျဆင်းလာပေမယ့်အခြေခံ စားသောက်ကုန် ဈေးနှုန်း စံချိန်တင်မြင့်တက်နေ

ပြည်တွင်းမှာ လတ်တလော ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အရေးပါတဲ့ စက်သုံးဆီဈေးဟာ ယခင် ထက်ကျဆင်းလာ ပေမယ့် အခြေခံ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ...

ပြည်တွင်းမှာ လတ်တလော ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အရေးပါတဲ့ စက်သုံးဆီဈေးဟာ ယခင် ထက်ကျဆင်းလာ ပေမယ့် အခြေခံ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကတော့ မြင့်တက်နေရာကနေ ပြန်ပြီး ဈေးနှုန်းကျဆင်းလာတာ မရှိသေးဘူးလို့သိရပါတယ်။ လတ်တလောမှာ စက်သုံးဆီဈေးဟာ ဓာတ်ဆီ ၉၂ ၁လီတာကို ငွေကျပ်၂,၇၅၀ နဲ့ဓာတ်ဆီ၉၅ ၁လီတာကို ငွေကျပ် ၂,၈၀၅၊ ဒီဇယ်၁လီတာ ငွေကျပ် ၂,၃၂၀ ဈေးတွေဖြစ်ပေါ်နေတာဟာ ယခင်သင်္ကြန်ကာလမတိုင်ခင်ကငွေကျပ် ၃,၀၀၀ နဲ့အထက်ဈေးနဲ့ နှိုင်းယှဉ်ပါက ဈေးကျလာတာပါ။ စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ကြက်သွန်နီ ၁ပိဿာ ကိုအနည်းဆုံး ငွေကျပ်၃,၅၀၀ ကနေ ၅,၀၀၀ ၊ ကြက်သွန်ဖြူ ၁ပိဿာ ကို အနည်းဆုံးငွေကျပ် ၄,၅၀၀ကနေ ၆,၅၀၀ နဲ့ အာလူး၁ပိဿာ ငွေကျပ် ၁၀,၀၀၀ ကနေ ၁၃,၀၀၀ စတဲ့နှုန်းထားတွေ ရပ်ကွက်ဈေးတွေ မှာဖြစ်ပေါ်နေပါတယ်။ 



news-view-count-icon

16