မေလ ၁၅ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ကတက္ကနိုင်းရွာဘက် ဈေးသွားရောင်းပြီး ပြန်လာတဲ့ သားအမိ ၂ ဦးကို တက္ကနိုင်းနဲ့ မန်ရပ်ရွာကြား သေနတ် ကိုင်ထားတဲ့ အမျိုးသား ၃ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ငွေ သိန်း ၅၀ နီးပါးနဲ့ဖုန်း လုယူသွားခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။ဓားပြတိုက်ခံရသူတွေဟာ မာန်ဂျယ်ကျေးရွာအုပ်စု ဟိုဝမ်းရွာခံဖြစ်ပြီး တာမိုးညဲ၊ မန်ဂျယ်၊ ရှောက်ဟော်နဲ့ တက္ကနိုင်းဈေးမှာ ကားနဲ့ဈေးပတ်ရောင်းနေတဲ့ ဈေးသည် ဖြစ်တယ်လို့ ဆိုပါတယ်။



