အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ ဘင်ဂူရီယန်လေဆိပ်ကို မေလ ၁၅ ရက် ညပိုင်းက ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ယီမင်နိုင်ငံမှ ဟူသီအုပ်စုက ပြောသည်။ အဆိုပါည၌ပင် အစ္စရေးကာကွယ်ရေးစနစ် က ထိုဒုံးကျည်ကို ကြားဖြတ်ဟန့်တားလိုက်နိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အသံထက်မြန်သည့် ပဲ့ထိန်း ဒုံးကျည်ကို အသုံးပြုပြီး ဘင်ဂူရီယန်လေဆိပ်ကို ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီအုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ယာ့ယာ ဆရီယာက ပြောသည်။ ဂါဇာကမ်းမြောင်ဒေသ၌ ပိတ်ဆို့ထားမှုများကို အစ္စရေးဘက်မှ ဖယ်ရှားမပေးသရွေ့ ဘင်ဂူရီယန်လေဆိပ်၌ လေကြောင်းသွားလာမှုကို တားမြစ်ပိတ်ပင်မှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
May 17 • 10:47 AM
မျှဝေမည်
| 12 | 0 | 0 | 0 |


