back

ဘန်ကောက် နဲ့ Korat ကို မိနစ် ၉၀ ထဲနဲ့ သွားနိုင်မယ့် အမြန်ရထားလမ်းကို ၂၀၂၉ ခုနှစ်မှာ ဖွင့်လှစ်မည်

May 17 • 10:46 AM

cover

ဘန်ကောက် နဲ့ Korat ကို မိနစ် ၉၀ ထဲနဲ့ သွားနိုင်မယ့် အမြန်ရထားလမ်းကို ၂၀၂၉ ခုနှစ်မှာ ဖွင့်လှစ်မည်

ဘန်ကောက်နဲ့ Nakhon Ratchasima (Korat) ကို ဆက်သွယ်ထားတဲ့ ထိုင်းရဲ့ ပထမဆုံး အမြန်ရထားလမ်း စီမံကိန်းကို စတင် တည်ဆောက်နေပြီ ဖြစ်ပြီး ထိုင်းရဲ့ သယ်ယူပို့ဆောင်ရေးသမို...

ဘန်ကောက်နဲ့ Nakhon Ratchasima (Korat) ကို ဆက်သွယ်ထားတဲ့ ထိုင်းရဲ့ ပထမဆုံး အမြန်ရထားလမ်း စီမံကိန်းကို စတင် တည်ဆောက်နေပြီ ဖြစ်ပြီး ထိုင်းရဲ့ သယ်ယူပို့ဆောင်ရေးသမိုင်းမှာ အဓိက မှတ်တိုင်ကို စိုက်ထူနိုင်မှာပါ။ရထားလမ်းဟာ ၂၅၀.၇၇ ကီလိုမီတာ ရှည်လျားပြီး အဲဒီမြို့ ၂ မြို့ကို ခရီးသွားချိန်ဟာ မိနစ် ၉၀ ပဲ ကြာမြင့်မှာပါ။ ရထားလမ်းကို အမျိုးအစား ၃ ခု ခွဲခြားထားပြီး ၅၄.၀၉ ကီလိုမီတာဟာ မြေပြင်၊ ၁၈၈.၆၈ ကီလိုမီတာဟာ အထက်မြင့်နဲ့ ၈ ကီလိုမီတာဟာ လှိုဏ်ခေါင်း ဖြစ်ပါတယ်။ ရထားလမ်းမှာ Bang Sue Grand Station, Don Mueang, Ayutthaya, Saraburi, Pak Chong နဲ့ Nakhon Ratchasima စတဲ့ ဘူတာရုံ ၆ ခု တည်ရှိမှာ ဖြစ်ပါတယ်။ 

news-view-count-icon

17