သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန်လ ၂ ရက်မှ စတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ဇွန်လ ၂ ရက်မှ စတင်၍ဖွင့်လှစ်သွားမည်ဟု ဆိုသည်။ထို့ကြောင့် ကျောင်းအပ်လက်ခံခြင်းများကို ယခု မေလ ၂၂ ရက်မှ စတင်ကာ လက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။



